Post Thumbnail of အံ့ဖွယ်ကယ်တင်ရှင်ယေရှုခရစ်တော်
22 Apr 2013

အံ့ဖွယ်ကယ်တင်ရှင်ယေရှုခရစ်တော်

 
ခရစ်တော်ဘုရားသည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းအလို့ငှါကြွလာသည်မှန်သော်လည်း လောကီလူသားအပေါင်းတို့သည် ထိုဝမ်းမြောက်ဖွယ်ရာ သတင်းစကားကိုမကြားသိကြ။ ကြားနာဖူးသူရှိသော်လည်းအချို့မှာ သံသယဖြင့်ဒွိဟဖြစ်နေကြသည်။ အမှန်တကယ်ယေရှုခရစ်တော်ဘုရား ကြွလာတော် မူခြင်းမှာ သမိုင်းနှင့်သမ္မာနှစ်မျိုးလုံးတွင် အထင်အရှားမြင်တွေ့နိုင်သည့် သက်သေပေါင်းများစွာရှိပါသည်။
ယနေ့ကမ္ဘာ့သုံးပြက္ခဒိန်များကိုကြည့်ပါက ခရစ်တော်ဘုရား၏ လောကသို့ကြွမြန်းလာသည့်နှစ်ကိုအခြေပြုသုံးစွဲကြသည်။ သာဓကအနေဖြင့် ခရစ်နှစ် ၂၀၁၃ ဆိုသည်မှာ ခရစ်တော်ဘုရား လူ့ဇာတိခံယူခြင်းကိုအစပြုထားသောနှစ်လနေ့ရက်ပင်ဖြစ်သည်။

ဒေသန္တရဆိုင်ရာ ဧ၀ံဂေလိအဖြေလွှာ

 
 
 
 
 
မေလဆန်းပိုင်းမှာ ထွက်ရှိလာပါမည်။
အထူးသဖြင့် မြန်မာပြည်၏အနေအထားနှင့် မိမိယုံကြည်မှုကို ရဲရင့်စွာ အသက်ရှင်သန်သွားလာနိုင်စေရန် သင့်အတွက် မရှိမဖြစ် အထောက်အကူဖြစ်စေပါလိမ်မည်။
 
ပါဝင်သောအကြောင်းအရာများမှာ….

ဖွင်ပြတော်မမူသောကြောင့် ဘုရားမရှိနိုင်

အတန်းထဲတွင် သိပ္ပံနည်းစနစ်တကျဖြင့် ဘုရားမရှိကြောင်းကို ဆရာဖြစ်သူမှ သင်ကြားပေးနေသည်။ ထို့ကြောင့် ဆရာဖြစ်သူမှ တိုနီအား-
“တိုနီအပြင်မှာ သစ်ပင်ကိုမြင်လား”
“မြင်ရပါတယ်ဆရာ”
“အပြင်သွားပါ၊ နောက်မင်းကောင်းကင်ပြင်ကြီးကိုမြင်ရလား”
ဆရာ့စကားကြောင့် တိုနီသည်အလျှင်အမြန်အပြင်သို့ထွက်ပြီး၊ ပြန်ဝင်လာသည်ထို့နောက်-
“မြင်ရပါတယ်ဆရာ”
“မင်းဘုရားသခင်ကိုမြင်ရလား”

Post Thumbnail of အချစ်ကပေးတဲ့အား
14 Feb 2013

အချစ်ကပေးတဲ့အား

ဘ၀ဆိုတာတိုက်ပွဲတဲ့
လူတိုင်းငြိမ်းအေးချင်
မေတ္တာတွေအမြဲယှဉ်လျှက်
သာတူညီမျှနေလိုလှ…………

Post Thumbnail of ကြာ
14 Jan 2013

ကြာ

ကြာ……..
သည်အမည်လူတို့စရိုက်အရ
ကြာတတ်မည်
မကြိုက်ရတဲ့……

မင်္ဂလာပါ!

 

အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ၍ ချမ်းသာကြပါစေကြေင်း ဆုတောင်း မေတ္တာပို့သလိုက်ပါတယ် ။
ယနေ့ခေတ်တွင် Online Ministry ကိုအခြားအခြားသောသူများက ထိရောက်စွာအသုံးပြုလျှက် အစေခံနေကြချိန်တွင် မည်ကာမတ္တသက်သက်သာ Online Ministry ကိုကျွန်တော်ပါဝင်နေခြင်းဖြစ်ပါသည်။
နည်းပညာပိုင်းအရာသော်လည်းကောင်း၊ လက်ရှိအနေအထားအရသော်လည်းကောင်း သခင်ဘုရားအတွက် လုပ်ဆောင်နိုင်စွမ်းရှိနေသောသူဟု ပြောဆိုရန်ကား ခက်ခဲလှပါသည်။
ကျွန်တော်၏ www.soelwin.info ဖြစ်လာစေရန်အတွက် လမ်းဖွင့်ပေးသော ဘုရားသခင်အား ဦးစွာကျေးဇူးတင်ပါသည်။ တစ်ဖန် Domain အတွက် စီစဉ်ပေးသော ဓမ္မမိတ်ဆွေအောင်အောင်နှင့် ဆိုဒ်အခက်အခဲကြုံလေတိုင်း ကူညီဖြေရှင်းပေးသူ ဓမ္မအဆွေထန်နိုး (www.thangno.com, www.myatmingalar.com) အားလည်းကောင်း၊ အစပြုပေးသော ဓမ္မအဆွေတီအီးပေါင် (www.tepau.info) တို့အား အထူးကျေးဇူးတင်ရှိပါသည်။
ထို့ကြောင့် ကျွန်တော်၏ဆိုဒ်ပါ စာမူများအား လွတ်လပ်စွာဖြင့် သခင်ဘုရားဘုန်းတော်အရေးအသုံးပြုနိုင်ပါသည်။ အကြောင်းအခြင်းအရာများ မေးမြန်းလိုပါကလည်း mailme@soelwin.info …

Post Thumbnail of ကြိုးစားခြင်း၊ ရိုးသားခြင်း
17 Nov 2012

ကြိုးစားခြင်း၊ ရိုးသားခြင်း

နိဒါန်း။
 လောကတွင်လူသားတိုင်း မိမိတို့၏ အစွမ်းသတ္တိနှင့် တတ်စွမ်းနိုင်မှုကို ထုတ်ဖော်ပြသလိုကြသည်မှာ လူ့သဘာဝပင်ဖြစ်သည်။ သို့သော်လည်း လောကတွင် ကြိုးစားခြင်းနှင့် ရိုးသားခြင်းကို ထပ်တူထင်ထားခြင်းဖြင့် ဘဝအရှုပ်ကိုဖြေရှင်းရာမမည်၊ သာ၍ရှုပ်ထွေးစေသည့် ဖြစ်ရပ်များကို လူတို့မသိကြ၊ သတိမထားမိကြပါ။ ထို့ကြောင့် ကြိုးစားခြင်းနှင့် ရိုးသားခြင်းကိုဦးတည်ပြီး ယခုဘဝနောင်ဘဝ နှစ်သွယ်သော ဘဝအရေးအတွက် ဝေမျှလိုပါသည်။

မျော်လင့်မထားခဲ့သောကောင်းကြီး

 

 
လွန်စွာပင် အိမ်သို့အပြန်ကနောက်ကျရသည့်အထဲ၊ အရင်လိုလမ်းအိုလိုက်စနစ်ကို ကျင့်သုံးလိုက်ရာ လမ်းမီးများကင်းရာလမ်းကြားထဲ တစ်ကိုယ်တည်းလျှောက်လာခိုက်၊ သစ်ပင်ခြုံနွယ်များအတွင်းမှ တီးတိုးအော် သံကိုကြားလိုက်မိသည်။
သေချာစေရန်အတွက် ကိုယ်ရှိန်သတ်ပြီး နားစွင့်လိုက်ချိန်မှာ လုံးဝ မှားယွင်းစရာအကြောင်းမရှိသော အမျိုးသမီးတစ်ဦး၏အသံကို စူးစူးဝါးဝါး(ပါးစပ်ပိတ်ထားသည့်ကြားမှ)အသံနှင့်အတူ၊ လုံးထွေးသတ်ပုတ်သံ၊ နောက် အင်္ကျီဆုတ်ဖြဲလိုက်သည့်အသံတို့ကအတိုင်းသားကြားနေရသည်။ ထိုဖြစ်စဉ်နှင့် ကျွန်တော်ရပ်နေသော နေရာမှ သုံးလေးကိုက်သာအလှမ်းဝေးပါလိမ့်မည်။

လူငယ်နှင့်ခေတ်သစ်ကမ္ဘာ

လောကတွင်ရင်သွေးတစ်ဦးမွေးဖွားလာ သည် နှင့် ထိုရင်သွေးငယ်၏ အသိုင်းအဝိုင်းရှိ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများက ရင်သွေးငယ်အား  အလိုလို ပုံသွင်းရန်တာဆူနေပြီးဖြစ်သည်။ ရင်သွေးငယ်သည် ကြီးပြင်းအရွယ် ရောက်လာသောအခါတွင် ထိုပါတ်ဝန်း ကျင်၊ ဓလေ့ထုံးတမ်းများအတိုင်း အလေ့အကျင့်ရနေပြီး သာဖြစ်သည်သာမက ကိုယ်တိုင်ကိုယ်ကျလည်းလုပ် ဆောင် နေပြီးဖြစ်သည်။                    ယနေ့ကျွန်ုပ်တို့သည်အဖက်ဖက်တွင် တိုးတက် ခြင်းနှင့်အတူ ရှုပ်ထွေး မှုများအကြားတွင်အသက်ရှင် နေကြရခြင်းဖြစ်သည်။ ဆင်ခြင်တွေးခေါ်တတ်သော သူတို့ မူကား၊ အတိတ်အကြောင်းကို စဉ်းစားဆင်ခြင်ရင်း၊ ပစ္စုပ္ပန်ကိုအခြေ တည်ကာ၊ အနာဂါတ်ကိုအသင့် အနေ အထားဖြင့်ရင်ဆိုင်နေကြသည်။ ယနေ့ လူငယ်အများစု သည်ရုပ်ဝတ္ထုပိုင်းဆိုင်ရာများအကြားတွင် နစ်မွန်းပျော် ဝင်နေကြ

ဝေလငါး

တစ်နေ့ဥပုဒ်စာဖြေကျောင်းတွင် ကလေးမလေးတစ်ဦးမှ ဝေလငါးများအကြောင်းကို ပြောရာ ဆရာမဖြစ်သူ မှ ဝေလငါးနှင့်ပါတ်သက်၍အောက်ပါအတိုင်းရှင်းပြလေသည်။
“တကယ်တော့ဝေလငါးက လူကိုမမြိုနိုင်ပါဘူး၊ ဝေလငါးတွေက ခန္ဓာအားဖြင့် ကြီးမားတဲ့ကိုယ်ထည်ရှိကြ ပေမယ့် သူတို့ရဲ့ ပါးစပ်နှင့် အစာမြိုရန်လမ်းကြောင်းက ကျဉ်းတဲ့အတွက် ဖြစ်နိုင်စရာအကြောင်းလုံးဝမရှိဘူး”
ထိုအခါ-
“ဆရာမ ယောနကိုလည်း ဝေလငါးကြီးကမြိုသွားတာပဲမဟုတ်လား၊ ကျမ်းစာမှာသည်လိုပဲပါတယ်လေ”
ကလေးမလေး၏ ဆိုင်းမဆင့်ဗုံမဆင့်စကားကို သည်းမခံပြန်ပြောမှုအတွက် ဆရာမမှလည်းကြက်ခေါင်း ဆိတ်မခံဖြင့်-
“ရုပ်ခန္ဓာဖွဲ့စည်းပုံအရ ယောနကိုဝေလငါးဘယ်လိုမှမမြိုနိုင်ဘူး”ဟုပြန်ဆိုသည်။ ထိုအခါ-

 Page 1 of 9  1  2  3  4  5 » ...  Last » 
ClearCloud designed by UK Banking System In conjunction with Birmingham Midshires , HFC Bank , NatWest.

Switch to our mobile site